Indonesia Masters ပြိုင်ပွဲ ကွာတားဖိုင်နယ်မှာ ရှုံးနိမ့်ခဲ့တဲ့ ချင်းလုံ

ဂျာကာတာမှာ ကျင်းပလျက်ရှိတဲ့ Indonesia Masters ကြက်တောင်ရိုက်ပြိုင်ပွဲ ကွာတားဖိုင် နယ်ပွဲစဉ်တွေကို သောကြာနေ့မှာ ယှဉ်ပြိုင်ကစားခဲ့ပြီး နိုင်ခြေအဆင့်(၃)သတ်မှတ်ခံထားရတဲ့ နာမည်ကျော် တရုတ်ကစားသမား ချင်းလုံ ဟာ အင်ဒိုနီးရှားနိုင်ငံသား ဂန်းတင်း ကို ရှုံးနိမ့်ပြီး ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပါတယ်။

ချင်းလုံဟာ အဆိုပါကွာတားဖိုင်နယ်ရဲ့ ပထမပွဲစဉ်မှာ ၂၁-၁၁ နဲ့ ရှုံးနိမ့်ခဲ့ပေမယ့် ဒုတိယပွဲစဉ် မှာ ၁၆-၂၁ နဲ့ အနိုင်ရရှိအောင်ပြန်လည်စွမ်းဆောင်နိုင်ခဲ့ပါတယ်။ အဆုံးအဖြတ်နောက်ဆုံး ပွဲစဉ်မှာတော့ ဂန်းတင်း ကို ၂၁-၁၈ နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ယခုနှစ်ပြိုင်ပွဲကို ကွာတားဖိုင်နယ် အဆင့်မှာပဲကျေနပ်ခဲ့ရပါတယ်။ ဒီပွဲစဉ်မှာ အနိုင်ရရှိခဲ့တဲ့ ဂန်းတင်း ကတော့ ဆီမီးဖိုင်နယ်မှာ တရုတ်(တိုင်ပေ) ကစားသမား ချူတျင်ချန် နဲ့ တွေ့ဆုံယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ချူတျင်ချန် ကတော့ ဒီပြိုင်ပွဲမှာ နိုင်ခြေ အဆင့်(၆)သတ်မှတ်ခံထားရပြီး ကွာတားဖိုင်နယ်ပွဲစဉ် မှာ ဒိန်းမတ်နိုင်ငံသား ဟန်ခရစ်စတီယန် ကို ၂၁-၁၈ ၊ ၁၁-၂၁ ၊ ၂၁-၁၁ နဲ့ အနိုင်ရကာ ဆီမီး ဖိုင်နယ်ကိုတက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

နောက်ထပ်ဆီမီးဖိုင်နယ်ပွဲစဉ်မှာတော့ တောင်ကိုးရီးယားနိုင်ငံသား ဆွန်ဝမ်ဟို နဲ့ ဂျပန်နိုင်ငံ သား ကာဇူမာဆာ တို့ ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။

Article source: http://www.foxsportsasia.com/fox-sports-myanmar/အခြားအားကစားသတင်းများ/786824/indonesia-masters-ပြိုင်ပွဲ-ကွာတားဖိုင/