ရှော်ကေးအသင်းကို အငှားသွားရောက်ကစားဖွယ်ရှိတဲ့ မာကိုပါကာ

ဂျူဗင်တပ်စ်အသင်းရဲ့ Chief Execuctive ဖြစ်သူ ဂစ်စ်ပီ မာရိုတာက အသင်းရဲ့ တောင်ပံ ကစားသမား မာကိုပါကာ ကို ဇန်န၀ါရီအပြောင်းအရွှေ့မှာ အငှားချဖို့ စဉ်းစားနေကြောင်း ပြောကြားလိုက်ပါ တယ်။

လက်ရှိအချိန်မှာတော့ ရှော်ကေးအသင်းဟာ ဒဏ်ရာမှပြန်လည်သက်သာလာတဲ့ မာကိုပါကာ ကို ခေါ်ယူဖို့ ကြိုးစားနေပါတယ်
ပါကာ ဟာ အရွတ်ဒဏ်ရာပြသနာကြောင့် (၈)လခန့် အနားယူခဲ့ရပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ တော့ ပြန်လည်သက်သာလာခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပါကာအနေနဲ့ အသင်းကြီးမှာ ပြန်လည်ပါဝင်ကစားလောက်တဲ့ထိ ကြံ့ခိုင်မှု ပြည့်ဖို့ ဆိုရင် သူ့အနေနဲ့ တခြားအသင်းကို အရင်အငှားသွားကစားစေသင့်ကြောင်း ပြောကြား ခဲ့တာလည်းဖြစ်ပါတယ်။

မာရိုတာကပြောကြားခဲ့ရာမှာ – “ ပါကာဟာ ကာလရှည် ဒဏ်ရာကနေ ပြန်လည် သက်သာ လာပါပြီ။ သူ့ကို အငှားချပြီး အချိန်တိုင်းအတာတစ်ခုအထိ သင့်တင့်တဲ့ ကစားချိန် ပြန်လည် ရယူပြီး အပြည့်အ၀ ကြံ့ခိုင်မှုကို ပြန်ယူရမှာပါ။ ရှော်ကေးလ်အသင်းကို အငှားချဖို့ရှိနေပါတယ်။ ” လို့ဆိုပါတယ်။

ဒါ့အပြင် မာရိုတာက အပြောင်းအရွှေ့ကာလမှာ လီဗာပူးလ်အသင်းရဲ့ ကစားသမား အမ်မရီကန် ကိုခေါ်ယူဖို့ ပစ်မှတ်ထားနေကြောင်းလည်းဆိုပါတယ်။

“ အမ်မရီကန်က ကစားသမားကောင်းတစ်ဦးပါ။ သူနဲ့ပတ်သက်ပြီး ကျွန်တော်တို့ အရင်က ပြောခဲ့သလိုပါပဲ။ ခေါ်ယူဖို့ပစ်မှတ်ထားသွားမှာပါ။ ” လို့ မာရိုတာကဆိုပါတယ်။
ဂျူဗင်တပ်စ်အသင်းဟာ စနေနေ့ကယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်မှာ ဗီရိုနာ အသင်းကို (၃)ဂိုး (၁) ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး လက်ရှိအချိန်မှာတော့ အမှတ်ပေးဇယားထိပ်ဆုံးမှ နာပိုလီအသင်းထက် တစ်မှတ်လျော့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

Article source: http://www.foxsportsasia.com/fox-sports-myanmar/ဘောလုံး/769261/ရှော်ကေးအသင်းကို-အငှား/