Domain Registration

အသင်းရဲ့ ပုံစံကောင်း ရရှိနေတဲ့ ကစားပုံကို ဆက်လက်ထိန်းသိမ်းရန် တိုက်တွန်းခဲ့တဲ့ နာတာပွန် ပန်ရစ်

  • February 23, 2018

ထိုင်းလိဂ် ၁ ကလပ် နေဗီအသင်းရဲ့ အသင်းခေါင်းဆောင် ဖြစ်တဲ့ နာတာပွန် ပန်ရစ်က ယခုနှစ်ရာသီအစမှာ ပြသနေတဲ့ အသင်းရဲ့ ပုံစံကောင်းကို ဆက်လက် ထိန်းသိမ်းထားရန် အသင်းဖော်များကို သတိပေးပြောကြားခဲ့ပါတယ်။

အသင်းတွက် ပွဲပေါင်း ၇၀ ကျော်ကစားပေးထားခဲ့တဲ့ အသင်းခေါင်းဆောင် တစ်ဦးဖြစ်သူ ပန်ရစ်ကတော့ လက်ရှိပြသနေတဲ့ ခြေစွမ်းအတိုင်း အာရုံစိုက် ကစားပြီး တန်းဆင်းဇုန်ကို ရောက်ရှိသွားခြင်း မရှိဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

နေဗီအသင်းဟာ ရာသီအဖွင့် ပွဲစဉ်တွေမှာ တစ်ကြိမ်တစ်ခါမှ နိုင်ပွဲရယူနိုင်ခဲ့ခြင်း မရှိပေမယ့် ယခုနှစ်မှာတော့ အူဘွန် UMT အသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပြီး အသင်းသမိုင်းတစ်လျောက် ပထမဆုံးအကြိမ် လိဂ်ပွဲအစမှာ နိုင်ပွဲရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒုတိယပွဲစဉ်မှာလည်း ဒါဘီပြိုင်ဘက်လို့ ဆိုရမယ့် ချောင်ဘူရီအသင်းနဲ့ ပွဲစဉ်မှာ ၁ ဂိုးစီ သရေကျခဲ့ပြီး အမှတ်ပေးဇယားရဲ့ အဆင့် ၄ နေရာမှာ ရပ်တည်နိုင်ခဲ့ပြီး ရလဒ်အကောင်းဆုံး ရာသီအစကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

ဒါ့ကြောင့် အသင်းရဲ့ ၂ ပွဲဆက် ကောင်းမွန်တဲ့ရလဒ်တွေအပေါ်မှာ အာရုံစိုက်ထားဖို့ အသင်းဖော်တွေကို ပန်ရစ် သတိပေးပြောကြားခဲ့တာ ဖြစ်ပါတယ်။

“ဘောလုံးလောကမှာ မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး။ ဂရိအသင်း ဥရောပ ပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်ခဲ့တာကို အားလုံးအမှတ်ရနေဦးမှာပါ။”

“ကျွန်တော့်ရဲ့ ပထမဆုံး ရည်မှန်းချက်က အသင်းအနေနဲ့ ထိုင်းလိဂ် ၂ ကို မရောက်ရှိသွားဖို့ပါ။”

“ကျွန်တော်တို့ အကောင်းဆုံး စွမ်းဆောင်ပြီး ရာသီကုန်မှာ အဆင့် ၉ အတွင်း ၀င်အောင်စွမ်းဆောင်နိုင်ခဲ့မယ်ဆိုရင် အသင်းနဲ့ ကျွန်တော့်အတွက် အံ့မခန်း ရလဒ်ကို ရယူနိုင်မှာပါ”

อย่าดูถูกเส้นทางที่ตนเลือก #oatnataporn #nataporn6

A post common by ⚽Nataporn Phanrit⚽ (@oat_nataporn) on Feb 18, 2018 during 7:13pm PST

မြောက်တောင် ၊ ချောင်ဘူရီ ၊ ဗန်ကောက်ယူနိုက်တက် အသင်းတွေမှာလည်း ကစားခဲ့ဖူးတဲ့ ပန်ရစ်ဟာ ထိုင်းလိပြိုင်ပွဲမှာ ၁၈ ရာသီ ကျင်လည်ခဲ့ပြီဖြစ်ကာ ပွဲပေါင်း ၄၀၀ ကျော်ကစားထားခဲ့သူတစ်ဦး ဖြစ်ပါတယ်။

ပြည်တွင်းကစားသမားတွေဖြစ်တဲ့ ကာဝင်သမ်ဆက်ချန်နန် ၊ တီရာဆိုင်း ဒန်ဒါ ၊ ချာနာတစ် ဆွန်ခရာဆင် နဲ့ ဘွန်မက်သန်တို့ ပြည်ပကလပ်အသင်းတွေမှာ သွားရောက်ကစားခဲ့တာနဲ့ ပတ်သက်ပြီး “ကျွန်တော့်အသက်အရွယ်မရ ကစားတဲ့ပွဲတိုင်းကို ပျော်ရွှင်စွာကစားနေကျပါ ၊ ဘောလုံးကစားနည်းရဲ့ မိနစ်တိုင်းဟာ စိတ်ခေါ်မှုတွေနဲ့ ပြည့်နေတာကြောင့် ကိုယ့်ကိုကို ဖိအားပေးကစားရတာကို ကြိုက်နှစ်သက်ပါတယ်။”

“ကျွန်တော်ဒီလိဂ်ပြိုင်ပွဲမှာ ကာလရှည် ရှိနေခဲ့ပြီဖြစ်တာကြောင့် ထိုင်းလိဂ်ပြိုင်ပွဲရဲ့ တိုးတက်မှုတွေကို မြင်တွေ့ခဲ့ရပါတယ်။”

“ပြည်တွင်းကစားသမား တော်တော်များများ ဂျပန်နိုင်ငံနဲ့ ဥရောပမှာ သွားရောက် ကစားနေတာက လိဂ်ပြိုင်ပွဲအတွက် selling ပြုလုပ်တဲ့ပုံစံဖြစ်ပြီး သူတို့ရဲ့ ကစားသမား ဘ၀ဖြတ်သန်းမှုကိုလည်း အကောင်းဆုံး ဖြစ်စေပါတယ်။”

“ဒီလိုပြုလုပ်နိုင်ခဲ့တဲ့အတွက် ပရိသတ်တွေပိုမိုတိုးတက်လာမှာ ဖြစ်သလို စပွန်ဆာအမျာအပြားလည်း ရရှိလာမှာဖြစ်တာကြောင့် ကလပ်အသင်းတွေကို ပိုမိုတောင့်တင်းတဲ့အသင်းတွေဖြစ်အောင် ကူညီပေးနိုင်မှာပါ”

ထိုင်းလိဂ်ပြိုင်ပွဲအနေနဲ့ကတော့ ဒီနှစ်ရာသီမှာ အာဆီယံဒေသတွင်းက ထိပ်တန်း ကစားသမားတွေကို လိဂ်ပြိုင်ပွဲထံခေါ်ယူခဲ့ပြီးနောက်မှာတော့ နိုင်ငံရဲ့ အဓိကစားသမားတွေ ပြင်ပထွက်ကစားတဲ့ ဖြစ်ရပ်ကိုတော့ ရင်ဆိုင်ခဲ့ရပါတယ်။

မြန်မာကစားသမားတွေဖြစ် ကျော်ကိုကို (ချိုင်ဂရိုင်ယူနိုက်တက်) ၊ အောင်သူ (ပုလိစ်တယ်ရို) နဲ့ ကမ္ဘောဒီးယား ကစားသမားတွေအဖြစ် ဖော့လ်ဂရက်စ် နဲ့ ဟတ်မန်းတို့လို ကစားသမားတွေ ရောက်ရှိခဲ့ပါတယ်။အင်ဒိုနီးရှားမှ တီရန်စ် ပူဟီရီ(ပေါ့) ၊ အူတိုမို (PTT ရာယောင်း) နဲ့ ယိုတိုဘက်စနာ ၊ ဗီယက်နမ် ကစားသမားတွေအဖြစ် မိုက်ကယ်ငုရင် (အဲဖို့စ် စင်ထရင် ) ၊ ဟောင်ဗူဆမ်ဆွန် (ဘူရီယမ် ယူနိုက်တက်) ၊ ကက်စ်ဆယ် အဲဗက်စ်(ကရာဘီ) တို့ ထိုင်းလိဂ်ပြိုင်ပွဲကို ရောက်ရှိခဲ့ပါတယ်။

စင်ကာပူနိုင်ငံသားတွေအဖြစ် ဟတ်ဆန်ဆန်နီ (အာမီယူနိုက်တက်) ၊ အဇ်ဝမ် (နွန်ဘူရာပစ်ချာရာ) ၊ ဘိုင်ဟတ်ကီ ကိုင်ဇန် (အူဒွန်သာနီ) ၊ အာရီဖင်(ချောင်ဘူရီ) နဲ့ ဂါဘရီရယ်ကွတ် (နေဗီအသင်း) တို့ဖြစ်ပြီး ထိုင်းလိဂ် ၁ နဲ့ လိဂ် ၂ ပြိုင်ပွဲတွေကို ဖော်ပြခဲ့တဲ့ အာဆီယံ ဒေသတွင်းရဲ့ ထိပ်တန်းကစားသမားတွေ ရောက်ရှိခဲ့ပါတယ်။

ကွတ်အနေနဲ့ကတော့ အူဒွန်အသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မတိုင်ခင်မှာ အသင်းထံကို ရောက်ရှိခဲ့တာဖြစ်ပြီး ပန်ရစ်က ကွတ်ရဲ့ ခြေစွမ်းပိုင်းနဲ့ပတ်သက်ပြီး “သူအသင်းရဲ့ ရာသီကြိုကာလတွေမှာ ပူးပေါင်းနိုင်တဲ့ အချိန်ကာလနည်းပါးခဲ့ပေမယ့် သူအသင်းမှာ အကောင်းဆုံး အထိုင်ကျနေပါပြီ”

“နိုင်ငံခြားသားကစားသမားတွေက ထိုင်းလိဂ်ပြိုင်ပွဲကိုရောက်တာနဲ့ အောင်မြင်မှုအတွက် ထိုက်တန်တယ်ဆိုပြီး ပြောဆိုခံရပေမယ့် အာဆီယံ ကစားသမားတွေမှာတော့ ဒီလိုမျိုး ဖြစ်ရပ်မရှိခဲ့ပါဘူး”

“ကွတ်အနေနဲ့ အာဆီယံနဲ့ ထိုင်းလိဂ် ၁ ပြိုင်ပွဲရဲ့ ထိပ်တန်းကစားသမား ဖြစ်လာဖို့ မျှော်လင့်ပါတယ်” ဆိုပြီး ပန်ရစ်က အသင်းရဲ့ ရလဒ်ပိုင်း ၊ ပြည်ပထွက် ကစားသမားတွေရဲ့ အကြောင်းသုံးသပ်ချက်နဲ့ အသင်းက အသစ်ခေါ်ယူထားခဲ့တဲ့ ကစားသမားတွေရဲ့ အကြောင်းတွေနဲ့ ပတ်သက်ပြီး ပြောကြားခဲ့ပါတယ်။

နေဗီအသင်းကတော့ ဒီတစ်ပတ်မှာ ဗန်ကောက် ဂရက်စ်အသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်တာကြောင့် အသင်းရဲ့ရှုံးပွဲမရှိရလဒ်ကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ ပြင်ဆင်နေ ပါတယ်။

Article source: http://www.foxsportsasia.com/fox-sports-myanmar/ဘောလုံး/အာရှဘောလုံးသတင်း/804158/အသင်းရဲ့-ပုံစံကောင်း-ရရှ/

Related News