Domain Registration

လူငယ်ကစားသမားတွေကိုလက်ဆင့်ကမ်းမျှဝေပေးဖို့သီယာဂိုဆေးလ်ဗားအသင့်ရှိ

  • February 22, 2018

PSG အသင်းရဲ့နောက်ခံကစားသမား သီယာဂိုဆေးလ်ဗားဟာ အသင်းရဲ့ ခံစစ်ကစားသမား (၂)ဦး ဖြစ်တဲ့ ပရက်စ်နယ်ကင်ပန်ဘီ နဲ့ မာကွင်ဟိုစ် တို့ကို အနာဂတ်မှာ အသင်းရဲ့ ခံစစ်မှာ အရေးပါတဲ့ ကစားသမားတွေဖြစ်လာဖို့ မျှော်လင့်ကြောင်းပြောကြားခဲ့ပါတယ်။

ယခုရာသီမှာ PSG နည်းပြ အမ်မရီက ဆေးလ်ဗား ၊ ကင်ပန်ဘီ ၊ မာကွင်ဟိုစ် တို့ကို အလှည့်ကျအသုံးပြုနေပြီး ဆေးလ်ဗားနဲ့ ကင်ပန်ဘီတို့ဟာ (၁၇)ပွဲစီပါဝင်ကစားခွင့်ရရှိထားပါတယ်။

ဆေးလ်ဗားဟာ ပြီးခဲ့တဲ့အပတ်က ကစားခဲ့တဲ့ ချန်ပီယံလိဂ်ရှုံးထွက် ပထမအကျော့ပွဲစဉ်မှာ အရန်ခုံ မှာသာထိုင်ခဲ့ရပြီး အဆိုပါပွဲစဉ်မှာ ရီးယဲလ်မက်ဒရစ်အသင်းကို (၃) ဂိုး (၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

ဆေးလ်ဗားက ကင်ပန်ဘီရဲ့ တိုးတက်လာမှုအပေါ် ချီးကျူးစကားပြောကြားခဲ့ပြီး မာကွင်ဟိုစ်နဲ့အတူ အမြင့်ဆုံးအဆင့် တစ်ခုမှာ အတူတွဲပြီး စွမ်းဆောင်နိုင်ဖို့ ယုံကြည်ကြောင်းဆိုပါတယ်။ ဒါ့အပြင် သူ ကစားသမားဘ၀က အနားမယူခင် အချိန်အတွင်း သူသိသမျှ ဘောလုံးပညာရပ်တွေကို လူငယ် ကစားသမားတွေဆီ မျှဝေပေးမည်ဖြစ်ကြောင်းလည်း ဆေးလ်ဗားကပြောပါတယ်။

သီယာဂိုဆေးလ်ဗားကပြောကြားရာမှာ – “ တစ်ချိန်လုံး ကျွန်တော် ကူညီနိုင်ဖို့ ကြိုးစားနေပါတယ်။ ကျွန်တော့်မှာ ပိုပြီးအတွေ့အကြုံရှိတယ် ။ ပြိုင်ပွဲကြီးတွေကစားဖူးတယ်။ ဒါကြောင့် ကျွန်တော် အကြံ ပေးပါတယ်။ သူတို့က အရည်အချင်း ရှိတဲ့ကစားသမားတွေပါ။ ကင်ပန်ဘီ ဆိုရင် ထရိန်နင်မှာ အကောင်းဆုံးလိုက်လုပ်တယ်။ လွန်ခဲ့တဲ့ (၂)နှစ် ၊ (၃)နှစ်လောက်က စလို့ သူ အများကြီးတိုးတက် လာခဲ့တယ်။”

“လူငယ်နောက်ခံလူတစ်ယောက်အတွက် သူလုပ်ခဲ့သလိုလုပ်နိုင်ဖို့ဆိုတာ မလွယ်ပါ ဘူး။ မာကွင်ဟိုစ် လည်းဒီအတိုင်းပါပဲ။ ဒါကြောင့် ကျွန်တော့်ကြိုးစားမှုကို ဆက်ထိန်းသိမ်းပြီး သူတို့ နှစ် ယောက်ကို အတတ်နိုင်ဆုံး ကူညီပေးသွားပါမယ်။ ပွဲထွက်ကစားခွင့်တစ်နေရာရဖို့ကတော့ ဘောလုံး အားကစားရဲ့ အားလုံးသောအစိတ်အပိုင်းပါပဲ။ ခုကျွန်တော် အသက်(၃၃)ရှိပါပြီ။ နောက်ထပ် ကစားနိုင်ရင် (၂)နှစ်ပေါ့။ အဲဒီချိန်ကျရင် သူတို့(၂)ယောက် ကျွန်တော့်နေရာကိုဆက်ခံပြီး အသင်း နောက်တန်းကို ဦးဆောင်ပေးရမှာဖြစ်ပါတယ်။ ” လို့ ဆိုပါတယ်။

Article source: http://www.foxsportsasia.com/fox-sports-myanmar/ဘောလုံး/803978/လူငယ်ကစားသမားတွေကိုလက်/

Related News