မာရီယို ကို ၀က်စ်ဟမ်းအသင်းအငှားနဲ့ ခေါ်ယူခဲ့

ဝက်စ်ဟမ်းအသင်းဟာ အင်တာမီလန်အသင်းရဲ့ ကွင်းလယ်ကစားသမား ဂျာအိုမာရီယို ကို ယခုရာသီကုန်ထိ ရှိနေစေမယ့် အငှားစာချုပ်နဲ့ ခေါ်ယူခဲ့ပြီဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။

မာရီယိုဟာ ၂၀၁၆ ခုနှစ်တုန်းက ပေါ်တူဂီကလပ် စပို့တင်းစီပီအသင်းကနေ အင်တာမီလန် အသင်းကို ပြောင်းရွှေ့ကြေး ပေါင်(၃၈.၄)သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့ ကစားသမားလည်းဖြစ်ပါ တယ်။

ယခုနှစ်ရာသီမှာ မာရီယိုဟာ အင်တာမီလန်အသင်းအတွက် (၁၄)ပွဲပါဝင်ကစားခဲ့ပြီးနောက် မှာတော့ ယခုလို ၀က်စ်ဟမ်းအသင်းကို အငှားနဲ့ပြောင်းရွှေ့ခွင့်ရခဲ့တာလည်းဖြစ်ပါတယ်။

မာရီယိုက ၀က်စ်ဟမ်းအသင်းရဲ့ ၀က်ဘ်ဆိုဒ်မှတစ်ဆင့်ပြောကြားရာမှာ – “ ဒီအသင်းကို ပြောင်းရွှေ့ခဲ့ခြင်းအတွက် ပျော်ရွှင်ရပါတယ်။ ဒါဟာ အံ့သြစရာအသင်းကို စိတ်လှုပ်ရှား စရာ အတွေ့အကြုံတစ်ခုအနေနဲ့ပြောင်းရွှေ့ခဲ့တာပါ။ အပြောင်းအရွှေ့ကတော့ လျှင်မြန်ခဲ့ပါတယ်။ အသင်းနဲ့ပတ်သက်တဲ့သူအားလုံးနဲ့ဆွေးနွေးခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာ ကစားဖို့ စိတ်လှုပ် ရှားနေပါတယ်။ နည်းပြနဲ့လည်းစကားပြောပြီးပါပြီ။ နည်းပြကောင်းတစ်ဦးနဲ့ ထရိန်နင် အတူတူ လုပ်ရမှာမို့လည်း ပျော်ရွှင်မိပါတယ်။ ” လို့ ဆိုပါတယ်။

မာရီယိုဟာ ယခုတစ်ပတ် ၀က်စ်ဟမ်းအသင်း နဲ့ ၀ီဂန်အက်သလက်တစ် အသင်းတို့ ယှဉ်ပြိုင်ကစားမယ့် အက်ဖ်အေဖလားပွဲစဉ်မှစတင်ကာ နည်းပြမိုယက်စ်ရဲ့ လူစာရင်းမှာ ပါဝင်ခွင့် ရဖို့ မျှော်မှန်းထားပါတယ်။

Article source: http://www.foxsportsasia.com/fox-sports-myanmar/ဘောလုံး/အင်္ဂလိပ်​-ပရီးမီးရားလိဂ်/786848/မာရီယို-ကို-၀က်စ်ဟမ်းအ/