Day: February 19, 2018

ပရီးမီးယားလိဂ်ဟာဘွန်ဒက်စ်လီဂါထက်ပိုပြီးအဆင့်မြင့်ကြောင်းမိုက်ကယ်ဘောလက်ပြောကြား

ချယ်ဆီးအသင်းနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ရဲ့ ကွင်းလယ်ကစားသမားဟောင်း မိုက်ကယ်ဘော လက် က ပရီးမီးယားလိဂ်ဟာ ဘွန်ဒက်စ်လီဂါထက် အဆင့်အတန်းပိုမြင့်မားကြောင်းပြောကြားလိုက်ပါ တယ်။ မိုက်ကယ်ဘောလက်က ဘိုင်ယန်မြူးနစ်အသင်းဟာ ဂျာမဏီမှာ ထိပ်တန်းအသင်းဖြစ်နေသည့်တိုင် ပရီးမီးယားလိဂ်ကတော့ ခြုံကြည့်မယ်ဆိုရင် ပိုပြီးအရည်အသွေးသာလွန်ကြောင်း ဆိုပါတယ်။ ယခုရာသီမှာ ဒေါ့မွန် ၊ RB Leipzig တို့ ချန်ပီယံလိဂ် အုပ်စုအဆင့်မှလှည့်ပြန်ခဲ့ရပြီး ဘိုင်ယန်မြူးနစ် အသင်းသာလျှင် ရှုံးထွက်အဆင့်ကိုရောက်ရှိခဲ့တဲ့ တစ်သင်းတည်းသော ဂျာမဏီအသင်းဖြစ်ပါတယ်။ လက်ရှိချိန်မှာ ဘိုင်ယန်မြူးနစ်အသင်းဟာ ဒုတိယနေရာမှအသင်းကို (၁၉)မှတ်ဖြတ်ကာ အမှတ်ပေး ဇယားထိပ်ဆုံးမှာဦးဆောင်နေပြီး (၆)နှစ်ဆက် ဘွန်ဒက်စ်လီဂါချန်ပီယံဆုကို ရယူဖို့ အခြေအနေ ကောင်းနေပါတယ်။ မိုက်ကယ်ဘောလက်ကပြောကြားရာမှာ – “ […]