Day: February 12, 2018

ဟာဇက်ရဲ့သွင်းဂိုးတွေနဲ့အိမ်ကွင်းမှာဝက်စ်ဘရွန်းကိုဂိုးပြတ်နိုင်ပွဲရယူခဲ့တဲ့ချယ်ဆီး

ယနေ့မနက်အစောပိုင်း စတန်းဖို့ဒ်ဘရစ်ခ်ျမှာယှဉ်ပြိုင်ကစားခဲ့တဲ့ ချယ်ဆီးအသင်းနဲ့ဝက်စ်ဘရွန်းအသင်း တို့ရဲ့ ပွဲစဉ်မှာ ဟာဇက်ရဲ့ သွင်းဂိုး (၂)ဂိုး အပါအ၀င် ချယ်ဆီးအသင်းက (၃)ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ ပါတယ်။ ဧည့်သည် ၀က်စ်ဘရွန်းအသင်းအနေနဲ့ပွဲအစမိနစ်တွေမှာ ခြေစွမ်းပြနိုင်ခဲ့ပြီး အိမ်ကွင်းပရိသတ်တွေကို ဆိတ်ငြိမ်စေခဲ့ပါတယ်။ ၀က်စ်ဘရွန်းအသင်းမှာတော့ ဂျေးရိုဒရီဂွတ်ဇ်နေရာမှာ ဒန်နီရယ်စတားရစ်ခ်ျ ပါဝင် ကစားပေးခဲ့ပါတယ်။ ပွဲအစ(၅)မိနစ်မှာပဲ ၀က်စ်ဘရွန်းအသင်းက မက်သရူးဖိလစ်ရဲ့ဖန်တီးပေးမှုမှ စတားရစ်ခ်ျ ခေါင်းတိုက်ခဲ့ပေမယ့် ဂိုးပေါက်နဲ့လွဲချော်ခဲ့ပါတယ်။ပွဲကစားချိန်(၁၀)မိနစ်မှာ ချယ်ဆီးအသင်းမှ ပက်ဒရို ရိုဒရီဂွတ်ဇ် အခွင့်အရေးတစ်ကြိမ်ရရှိခဲ့ရာမှာ လွဲချော်ခဲ့ပြန်ပါ တယ်။ ပွဲချိန်(၁၂)မိနစ်အကျော်မှာတော့ အိမ်ရှင်ချယ်ဆီးအသင်းဟာ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့အတူ ပိုမိုထိုး ဖောက် လာနိုင်ခဲ့ပြီး ဂိုးပေါက်ခြိမ်းခြောက်မှုတွေပြုလုပ်လာနိုင်ခဲ့ပါတယ်။ ပွဲချိန်(၁၇)မိနစ်မှာ အက်ပလီကူတာရဲ့ […]