Day: January 19, 2018

မန်ချက်စတာစီးတီးအသင်းနဲ့ စာချုပ်သက်တမ်းတိုးခဲ့တဲ့ ဖာနန်ဒင်ဟို

မန်ချက်စတာစီးတီးရဲ့ ကွင်းလယ်ကစားသမား ဘရာဇီးနိုင်ငံသား ဖာနန်ဒင်ဟိုဟာ အသင်းနဲ့ အတူ ၂၀၂၀ ခုနှစ်အထိ ဆက်ရှိနေစေမယ့် စာချုပ်တစ်ရပ် ချုပ်ဆိုနိုင်ခဲ့ခြင်းအပေါ် ကျေနပ်နေ ပါတယ်။ အသက်(၃၂)နှစ်အရွယ်ရှိပြီဖြစ်တဲ့ အဆိုပါ ဘရာဇီးကစားသမားဟာ ပြောင်းရွှေ့ကြေး ပေါင် သန်း(၃၀)နဲ့ ရှက်တာဒိုးနက်အသင်းကနေ ၂၀၁၃ ခုနှစ်က ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ဖာနန် ဒင်ဟိုဟာ မန်ချက်စတာစီးတီးအသင်းကို စတင်ရောက်ရှိတဲ့နှစ်မှာပဲ လိဂ် ဖလားနဲ့ ပရီးမီးယားလိဂ် အမှတ်ပေးချန်ပီယံဆုဖလားတို့ကို ရရှိခဲ့သူလည်းဖြစ်ပါတယ်။ ဖာနန်ဒင်ဟိုဟာ ၂၀၁၆ ခုနှစ် လိဂ်ဖလားဖိုင်နယ်ပွဲစဉ်မှာ ဂိုးသွင်းယူနို်င်ခဲ့ပြီး လက်ရှိချိန်ထိ (၂၁၂) ပွဲ ပါဝင်စားရာမှာ (၁၉ )ဂိုး သွင်းယူပေးထားပါတယ်။ A […]