Day: January 18, 2018

အံ့အားသင့်ဖွယ် ခြေစွမ်း နဲ့ အရှေ့တောင်အာရှ ကိုယ်စားပြု မလေးရှားနဲ့ ဗီယက်နမ်

ကျင်းပပြုလုပ်နေတဲ့ အာရှ အသက် ၂၃ နှစ်အောက် ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စု အဆင့်ကနေ ထွက်ခွာရမယ့် အသင်းတစ်သင်းကို ရွေးပါဆိုရင် အစဉ်အလာ ကောင်း မပိုင်ဆိုင်ထားခဲ့တဲ့ အသင်းကိုပဲ ရွေးကျမှာပါ။ ဒီလိုရွေးချယ်မှုဆိုတာကလည်း ပြည့်စုံတဲ့ ရွေးချယ်မှုတစ်ခုလို့ သတ်မှတ် နိုင်ပါတယ်။ အရှေ့တောင်အာရှရဲ့ ထိပ်သီးအသင်းဖြစ်တဲ့ ထိုင်းအသင်းကတော့ အုပ်စုအဆင့် မှာရမှတ်တစ်မှတ်မှ ရယူနိုင်ခဲ့ခြင်း မရှိပဲ အုပ်စုအဆင့်ကနေ ထွက်ခွာခဲ့ရပါတယ်။ အာဆီယံဒေသတွင်းမှာ နောက်ထပ်အင်အားကြီး အသင်းတစ်သင်းဖြစ်တဲ့ သြစတြေးလျအသင်းလည်း အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ခြင်းမရှိပဲ ဗီယက်နမ် အသင်းနဲ့ မလေးရှားအသင်း ၂ သင်းသာ အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ ပါတယ်။ ဒီလိုဖြတ်ကျော်နိုင်ဖို့အတွက် […]

အာစင်ဝင်းဂါးကို တုံ့ပြန်ပြောကြားခဲ့တဲ့ ဒေါ့မွန်အသင်း

အာဆင်နယ်အသင်း နည်းပြ အာစင်ဝင်းဂါးအနေနဲ့ ဒေါ့မွန်အသင်း တိုက်စစ်မှူး အူဘာမီယန်းကို အသင်းထံခေါ်ယူဖို့ ပြင်ဆင်နေတာနဲ့ ပတ်သက်ပြီး တုံ့ပြန် ပြောကြားခဲ့ပါတယ်။ အူဘာမီယန်းအနေနဲ့ ယခုဆောင်းရာသီအပြောင်းအရွှေ့မှာ ဒေါ့မွန်အသင်းကနေ ပြောင်းရွှေ့လိုနေပြီး သူ့ကို အဓိက ချိတ်ဆက်နေတဲ့ အသင်းကတော့ အာဆင်နယ် အသင်းပဲဖြစ်ပါတယ်။ ဆန်းချက် မန်ချက်စတာ ယူနိုက်တက် အသင်းကို ပြောင်းရွှေ့ဖို့ သေချာ သလောက်ရှိနေပြီလို့ အာစင်ဝင်းဂါး အတည်ပြုပြောကြားခဲ့သလို မစ်ခီတာရန် ကိုလည်း အာဆင်နယ် အသင်းထံ ပြန်လည်ခေါ်ယူသွားဖို့ ပြင်ဆင်နေခဲ့ပါတယ်။ ဒါပေမယ့် အူဘာမီယန်းနဲ့ ပတ်သက်တဲ့ အပြောင်းအရွှေ့ကိုတော့ ငြင်းဆန်ထားခဲ့ ပြီး နီးစပ်မှုမရှိသေးဘူးလို့ ပြောကြားထားခဲ့တာ ဖြစ်ပါတယ်။ […]