Day: January 12, 2018

ဆန်းချက်နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက် မချရသေးကြောင်း အာစင်ဝင်းဂါး ပြောကြား

အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ဆန်းချက်ရဲ့ အနာဂါတ်နဲ့ ပတ်သက်ပြီး တစ်စုံတစ်ခု ဆုံးဖြတ်ရခြင်းမရှိသေးကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဆန်းချက် အာဆင်နယ်အသင်းမှာ ဆက်ရှိနေမလား ထွက်ခွာမှာလား ဆိုတာနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက် မချရသေးတာ ဖြစ်ပါတယ်။ ဆန်းချက်အသင်းနဲ့ ချုပ်ဆိုထားခဲ့တဲ့ စာချုပ်ဟာ ယခုနှစ်ကုန်မှာ ကုန်ဆုံးမှာ ဖြစ်တာကြောင့် အာဆင်နယ်အသင်းအနေနဲ့ ဆန်းချက်ကို ပြောင်းရွှေ့ကြေး အလွတ်နဲ့ လက်လွှတ်ရဖွယ် ရှိနေတာ ဖြစ်ပါတယ်။ မန်ချက်စတာ မြို့ခံအသင်း ၂ သင်းကြားမှာ ဆန်းချက်ကို ခေါ်ယူရန်ကြိုးပမ်းမှု မြင့်တက်လာခဲ့ပြီး အာစင်ဝင်းဂါးကတော့ ဒီကိစ္စတွေကို မသိရှိဘူးလို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဆန်းချက်ဟာ မန်စီးတီးအသင်းကို ပြောင်းရွှေ့ဖို့ […]