Day : January 10, 2018

Sport

ချယ်ဆီးအသင်းကခေါ်ယူဖို့ သတင်းတွေအပေါ် ဗီဒယ်စိတ်ဝင်စားမှုမရှိ

Times of News
ဘိုင်ယန်မြူးနစ်အသင်းရဲ့ ကွင်းလယ်ကစားသမား ဗီဒယ်က ချယ်ဆီးအသင်းကသူ့ကို ခေါ်ယူဖို့ သတင်းတွေထွက်ပေါ်လာတာနဲ့ပတ်သက်ပြီး သူ့ကို ဘာမှ အကျိုးသက်ရောက်မှုမရှိစေကြောင်း ပြောကြားလိုက်ပါတယ်။ မကြာသေးခင်ကပဲ ချယ်ဆီးအသင်းရဲ့နည်းပြ ကွန်တီက သူနဲ့ တစ်ချိန်တုန်းက ဂျူဗင်တပ်စ် အသင်းမှာ အတူလက်တွဲခဲ့ဘူးတဲ့ ချီလီလက်ရွေးစင် ဗီဒယ်ကို စတန်းဖို့ဒ်ခ်ျမှာ လာရောက် ကစားဖို့ ၀မ်းမြောက်ဝမ်းသာကြိုဆိုကြောင်း ပြောဆိုမှုတွေရှိခဲ့ပါတယ်။
Sport

ကော်တင်ဟိုအတွက် အင်စတာဂရမ်မှာ ကြေကွဲစွာရေးသားခဲ့တဲ့ ဖာမီနို

Times of News
လီဗာပူးလ်အသင်းရဲ့ ကစားသမား ရော်ဘတ်တို ဖာမီနိုက သူနဲ့ တစ်နိုင်ငံတည်းသား ကော်တင်ဟို ဘာစီလိုနာအသင်းကိုပြောင်းရွှေ့ခဲ့တာနဲ့ပတ်သက်ပြီး ကြေကွဲဝမ်းနည်းရတဲ့ ပို့စ် တစ်ခုကို ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။ ဘရာဇီးနိုင်ငံသားတွေဖြစ်ကြတဲ့ ဖာမီနိုနဲ့ ကော်တင်ဟိုတို့ဟာ လီဗာပူးလ်အသင်းမှာ ကစားခဲ့ တဲ့ အချိန်အတွင်း ရှေ့တန်းမှာ အတွဲညီညီကစားနိုင်ခဲ့သလို ကောင်းမွန်တဲ့ ရင်းနှီးဆက်ဆံမှု တွေလည်းရှိခဲ့ပါတယ်။