Day: January 3, 2018

လစ်ဗာမိုး နဲ့ ပတ်သက်ပြီး ဖြေရှင်းချက်ပေးခဲ့တဲ့ ၀က်စ်ဘရွန်း

ဝက်စ်ဘရွန်းအသင်းနဲ့ ၀က်စ်ဟမ်းအသင်းတို့ ကစားခဲ့တဲ့ပွဲစဉ်မှာ ၀က်စ်ဟမ် ပရိသတ်တွေနဲ့ လစ်ဗာမိုးတို့ အချင်းများခဲ့တဲ့ ကိစ္စဟာ သားဖြစ်သူ ကွယ်လွန်ခဲ့ တာကြောင့် လစ်ဗာမိုးရဲ့ စိတ်ပုံမှန်မဟုတ်ခဲ့တာကြောင့်လို့ ၀က်စ်ဘရွန်းအသင်း ကထုတ်ပြန်ခဲ့ပါတယ်။ လစ်ဗာမိုးအနေနဲ့ ၀က်စ်ဟမ်အသင်းနဲ့ ပွဲစဉ်မှာ လူစားလဲလှယ်ခံခဲ့ရပြီးနောက် အရံခံနားမှာ ရှိနေခဲ့တဲ့ ပရိသတ်တွေနဲ့ အချင်းများခဲ့တာ ဖြစ်ပါတယ်။ ၀က်စ်ဘရွန်း အသင်းကတော့ ကစားသမားဘက်ကနေ အပြည့်အ၀ ရပ်တည်သွားမှာ ဖြစ်ပြီး ၂၀၁၄ ခုနှစ်ကမှ မွေးဖွားခဲ့တဲ့ အငယ်ဆုံးသားဖြစ်သူ ဂျိတ် ဂျူနီယာ ကွယ်လွန်မှုကြောင့် စိတ်လှုပ်ရှားပြီး ယခုလို ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း အင်္ဂလန်ဘောလုံး အဖွဲ့ချုပ်ကို ပြောကြားခဲ့ပါတယ်။ Apparently […]

ဂိုရဇ်ကာကို ခေါ်ယူဖို့ ပစ်မှတ်ထားနေကြောင်း ဘိုင်ယန်အတည်ပြု

ဘိုင်ယန်မြူးနစ်အသင်းဟာ ရှော်ကေးကွင်းလယ်ကစားသမား ဂိုရဇ်ကာကို ခေါ်ယူ နိုင်ဖို့ ပစ်မှတ်ထားနေကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။ ဂျာမနီလက်ရွေးစင်အသင်း ကစားသမားတစ်ဦးဖြစ်တဲ့ ဂိုရဇ်ကာ အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းဟာ ၆ လသာ ကျန်ရှိနေတာဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ဂျူဗင်တပ်အသင်းတို့ကလည်း ရာသီကုန်မှာ ပြောင်းရွှေ့ကြေးအလွတ်နဲ့ ခေါ်ယူနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။ ရှော်ကေးအသင်းကတော့ အသင်းရဲ့လူငယ်ကစားသမားကို အသင်းမှာသာ ဆက်ရှိနေစေလိုနေတာဖြစ်ပါတယ်။ ဘိုင်ယန်အသင်းနဲ့ အစောပိုင်းထွက်ပေါ်ခဲ့တဲ သတင်းတွေကို ရှော်ကေးအသင်း ငြင်းဆိုထားခဲ့သလို ကစားသမားကိုခေါ်ယူလိုပါ ကအသင်းရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးရရှိမှသာရောင်းချမယ်လို့ ပြောကြားခဲ့ တာဖြစ်ပါတယ်။ ဒါပေမယ့် ဘိုင်ယန်အသင်းရဲ့ ဒါရိုက်တာ ဖြစ်သူ ဆာလီဟာမဇ်ဇစ်အနေနဲ့ အသင်းထံ ဂိုရဇ်ကာကိုခေါ်ယူလိုတယ်လို့ […]

အောက်စ်ဖို့ဒ်ကိုပြန်လည်ခေါ်ယူဖို့ ကမ်းလှမ်းမှာဖြစ်ကြောင်း မိုချန်ဂလာဘတ်နည်းပြ ပြောကြား

မိုချန်ဂလာဘတ်အသင်းရဲ့နည်းပြ ဒိုင်တာဟက်ကင်က သူတို့ အသင်းကို အငှားနဲ့ လာရောက် ကစားခဲ့ဘူးတဲ့ ၀က်စ်ဟမ်းအသင်းရဲ့ လူငယ်နောက်ခံကစားသမား ရိစ်အောက်စ်ဖို့ဒ်ကို ပြန်လည်ခေါ်ယူဖို့ ကြိုးပမ်းသွားမှာဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။ အောက်စ်ဖို့ဒ်ဟာ ၂၀၁၇ ခုနှစ်အတွင်း ၀က်စ်ဟမ်းအသင်းမှ မိုချန်ဂလာဘတ်အသင်းကို အငှား နဲ့ လာရောက်ကစားခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ အပတ်ကပဲ ၀က်စ်ဟမ်း နည်းပြမိုယက်စ်က ဒုတိယရာသီဝက်ပွဲစဉ်တွေအတွက် ပြန်လည်ခေါ်ယူခဲ့တာဖြစ်ပါတယ်။   ဒါပေမယ့်လည်း ၀က်စ်ဟမ်းအသင်းဟာ တန်းဆင်းဇုန်အတွင်းရုန်းကန်နေရတဲ့အခြေအနေမှာ အောက်စ်ဖို့ဒ်အနေနဲ့ ပွဲထွက်လူစာရင်းအတွက် ပုံမှန်နေရာရဖို့လမ်းမမြင်ပါဘူး။ ဒီအချိန်မှာပဲ မိုချန်ဂလာဘတ်အနေနဲ့ အောက်စ်ဖို့ဒ်ကိုခေါ်ယူဖို့အတွက် အလျင်အမြန် ကြိုးပမ်းသွားမှာဖြစ်ပါ တယ်။ မိုချန်ဂလာဘတ်နည်းပြ ဒိုင်တာဟက်ကင်က – “ လက်ရှိအချိန်မှာတော့ […]