Sport

ဝေးလ်အသင်းနည်းပြ ဖြစ်လာခဲ့တဲ့ ရွိုင်ယန်ဂစ်

ဝေးလ်အသင်းရဲ့ ဂန္တ၀င်ကစားသမားဟောင်း တစ်ဦးဖြစ်တဲ့ ရွိုင်ယန်ဂစ်ဟာ ဝေးလ်လက်ရွေးစင်အသင်း နည်းပြအဖြစ် ခန့်အပ်ခြင်းခံခဲ့ရပါတယ်။

ဂစ်အနေနဲ့ နည်းပြဘ၀ ပထမဆုံးအနေနဲ့ ရော်နယ်ကိုးမန်းလက်ထပ်မှာ အောင်မြင်မှု ရယူနိုင် ခဲ့တဲ့ ဝေးလ်အသင်းကို စတင်ကိုင်တွယ်သွားမှာ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အဓိကကစားသမား ဖြစ်တဲ့တဲ့ ဂစ်ဟာ ဝေးလ်လက်ရွေးစင်အသင်းတွက် ပွဲပေါင်း ၆၄ ပွဲမှာ ၁၂ ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် နိုင်ငံတကာပြိုင်ပွဲတွေမှာတော့ နိုင်ငံအသင်းနဲ့အတူ အောင်မြင်မှုတွေ ရယူနိုင် ခဲ့ခြင်းမရှိတာ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်း အနေနဲ့ ဒေးဗစ်မွိုက်ကို နည်းပြရာထူးကနေ ထုတ်ပယ်ခဲ့တဲ့အချိန်မှာတော့ ရွိုင်ယန်ဂစ်အသင်းကို ၂၀၁၃ – ၂၀၁၄ ရာသီ နောက်ဆုံးပွဲစဉ် ၄ ပွဲကို ကိုင်တွယ်ခဲ့ဖူးပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းကို မော်ရင်ညို ရောက်ရှိမလာခင်ထိ ဗန်ဟား ရဲ့လက်အောက်မှာ လက်ထောက်နည်းပြအဖြစ် ၂ နှစ် ဆောင်ရွက်ခဲ့ပါတယ်။

“ကျွန်တော်နိုင်ငံလက်ရွေးစင်အသင်း နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရတဲ့အတွက် တကယ်ကို ဂုဏ်ယူမိပါတယ်။ ကျွန်တော့်အတွက် အဓိက စိန်ခေါ်မှု ဖြစ်လာမှာက Nationals League ပြိုင်ပွဲနဲ့ ၂၀၂၀ ယူရိုခြေစစ်ပွဲစဉ်တွေပါ။”

“အသင်းသားတွေနဲ့ အတူတကွ ဒီပြိုင်ပွဲတွေယှဉ်ပြိုင်ဖို့ ပြင်ဆင်ရမယ့်အချိန်တွေကို ကျွန်တော် မစောင့်နိုင်တော့ပါဘူး။ လွန်ခဲ့တဲ့ ၄ နှစ် ၅ နှစ်တည်းက အောင်မြင်မှုတွေ စတင်ရရှိနိုင်ခဲ့တဲ့ စုဖွဲ့မှုအသင်းမှာ ရှိနေပါတယ်။”
 
“ကံမကောင်းစွာနဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ခဲ့ခြင်းမရှိပေမယ့် ဒီကစားသမား စုဖွဲ့မှု့နဲ့ပဲ ကျွန်တော့်အလုပ် တွေကို အကောင်းဆုံးလုပ်ဆောင်သွားမှာပါ။”

“ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲမှာ လိုမျိုး နိုင်ငံ အသင်းတွက် ဂုဏ်ယူစရာဖြစ်အောင် ကျွန်တော်လုပ်ဆောင်သွားမှာပါ။ ဒီအသင်းမှာ ကစားခဲ့ရစဉ်တုံးကလည်း အသင်းကို ချစ်တဲ့စိတ် အပြည့်နဲ့ ကစားခဲ့ တာဖြစ်ပြီး လက်ရှိအချိန်မှာလည်း နိုင်ငံအသင်းကို ဦးဆောင်ခွင့်ရရှိခဲ့တာက ကျွန်တော့်ဘ၀မှာ ဂုဏ်အယူရဆုံး အချိန်ကာလတစ်ခုပါ။အသင်းကို လာမယ့် ၂ နှစ်ကနေ ၄ နှစ်လောက်ထိနည်းပြပြုလုပ်သွားမှာပါ” ဆိုပြီး ဝေးလ် ဘောလုံးအဖွဲ့ချုပ် နဲ့ ၄ နှစ်သက်တမ်းရှိစာချုပ်ချုပ်ဆိုပွဲမှာ ဂစ်က ပြောကြားသွား ခဲ့ပါတယ်။

Article source: http://www.foxsportsasia.com/fox-sports-myanmar/ဘောလုံး/778753/ဝေးလ်အသင်းနည်းပြ-ဖြစ်လာ/

Related posts

Lewis Hamilton hạnh phúc với “nền tảng vững chắc” tại US Grand Prix

Times of News

Verstappen behind to winning ways in Malaysia

Times of News

ဆရီနာဝီလျံကို သြစတေးလျအိုးပင်းပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခြင်းမပြုဖို့ နည်းပြဖြစ်သူဆုံးဖြတ်ခဲ့

Times of News