Sport

ဒေါ့မွန်အသင်းမှာ အစမ်းသပ်ခံကစားသမားအဖြစ် အူစိန်ဘော့ကို မြင်တွေ့ရဖွယ်ရှိမှာလား?

April Fools Day မဟုတ်တဲ့ သတင်းတစ်ခုကို ပြောရမယ်ဆိုရင်တော့ နာမည်ကျော် အပြေး ကစားသမားဟောင်း အူစိန်ဘော့ဟာ သူ့အနေနဲ့ ဘွန်ဒက်စ်လီဂါကလပ် ဒေါ့မွန်အသင်းမှာ ကစားဖို့ အစမ်းသပ်ခံသွားမှာဖြစ်တယ်လို့ သိရပါတယ်။

အူစိန်ဘော့ဟာ လက်ရှိချိန်မှာ အသက်(၃၂)နှစ်အရွယ်ရှိပြီဖြစ်ပြီး ဘောလုံးသမားတစ်ဦးအဖြစ် အခြေချဖို့ ကြိုးစားနေသူလည်းဖြစ်ပါတယ်။ သူ့ရဲ့ အကြီးမားဆုံးအိပ်မက်တစ်ခုဖြစ်တဲ့ မန်ချက် စတာယူနိုက်တက်အသင်းမှာ ကစားခွင့်ရဖို့ ပထမအဆင့်အနေနဲ့ အူစိန်ဘော့ဟာ ဒေါ့မွန်အသင်းမှာ အရင်ဆုံး အစမ်းသပ်ခံ ကစားသွားဖို့လည်း ရှိနေပါတယ်။

အပြေးကစားသမားဘ၀မှ အနားယူခဲ့ပြီဖြစ်တဲ့ ဂျမေကာနိုင်ငံသား အူစိန်ဘော့က ပြောကြားရာ မှာ – “ လာမယ့် မတ်လထဲ ဒေါ့မွန်အသင်းမှာ အစမ်းသပ်ခံကစားသွားမှာဖြစ်ပြီး ဒါက ကျွန်တော် ရွေးချယ်ဆုံးဖြတ်လိုက်တဲ့ ကစားသမားဘ၀တစ်ခုပါ။ တကယ်လို့ သူတို့က ကျွန်တော့်ကိုကြိုက်တယ် ဆိုရင် ထရိန်နင်တွေအများကြီးလုပ်သွားမှာပါ။ ဒါက ကျွန်တော့် ကို အနည်းငယ်ကြောက်ရွံ့တုန်လှုပ်စေပေမယ့်လည်း ကျွန်တော် ကြောက်ရွံ့မှုမရှိပါဘူး။ ဒါက ဘောလုံးအားကစားဖြစ်နေလို့ အနည်းငယ် ကွဲပြားနေပါတယ်။ နည်းနည်းတော့အချိန်ယူရ မှာပေါ့။ ဒါပေမယ့် ပွဲနည်းနည်းကစားလိုက်ရင်တော့ အထိုင်ကျလာမှာပါ။ ဒါက ကျွန်တော် အပြေးစတင်လေ့ကျင့်ခဲ့တုန်းကနဲ့ ဆင်ပါတယ်။ ပရိသတ်တွေအများကြီး ရှေ့မှာ ကစားရတာ ကို အလေ့အကျင့်ဖြစ်တဲ့အချိန်အထိ ကျွန်တော် အနည်းငယ် ကြောက်ရွံ့တုန်လှုပ်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့အကြီးမားဆုံးအိပ်မက်ကတော့ မန်ချက်စတာယူနိုက်တက်အသင်းမှာ ကစားခွင့်ရ ဖို့ပါ။ တကယ်လို့ ဒေါ့မွန်အသင်းကသာ ကျွန်တော့်အနေနဲ့ ကစားဖို့ လုံလောက်တဲ့ အရည် အချင်းရှိတယ်လို့ပြောရင် ကျွန်တော် အပြင်းအထန်ကြိုးစားသွားမှာပါ။ ကျွန်တော် နည်းပြကြီး ဖာဂူဆန်နဲ့လည်း စကားပြောခဲ့ဘူးပါတယ်။ သူကပြောတယ် ကျွန်တော်သာကြံ့ခိုင်မှုပြည့်ပြီး အဆင်သင့်ဖြစ်ပြီဆိုရင် ကျွန်တော်ဘာလုပ်နိုင်မလဲဆိုတာကို ကြည့်ပါ့မယ်တဲ့။ ” လို့ ဆိုပါတယ်။

တချို့ကတော့ အူစိန်ဘော့အနေနဲ့ ဘောလုံးအားကစားကို ရူးသွပ်ပြီး အသက်(၃၂)နှစ်အရွယ် အချိန် အမြင့်ဆုံးကစားသမားဘ၀ကို မျှော်မှန်းယုံမျှသာဖြစ်ကြောင်းဆိုပါတယ်။ ဒါပေမယ့် အိုလံပစ်ရွှေတံဆိပ် (၈)ကြိမ်ထိ ဆွတ်ခူးရရှိခဲ့ဘူးတဲ့ အူစိန်ဘော့အနေနဲ့ ဒီလိုမျိုး ရူးသွပ်တာ တစ်ခုတည်းနဲ့ ဘောလုံးလောကကို ၀င်ရောက်တယ်ဆိုတာ ဘယ်သူကမှ မပြောချင်ကြပါဘူး။ ဘယ်သူကရောသူတို့ကို အပြစ်တင်နိုင်ဦးမှာလဲ။ အူစိန်ဘော့အနေနဲ့ ပရိသတ်တွေအားလုံးကို အံ့အားသင့်ဖွယ်ရာတွေ လုပ်ပြဖို့ ရှိနေပါတယ်။

Article source: http://www.foxsportsasia.com/fox-sports-myanmar/ဘောလုံး/774052/ဒေါ့မွန်အသင်းမှာ-အစမ်းသ/

Related posts

Klopp: we don’t consider a choice was a mistake

Times of News

Napoli say vigour on Serie A leaders

Times of News

FIA to examination DRS use after China

Times of News