Sport

အပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးအချိန်မှာ ချယ်ဆီးအသင်းကို ရောက်ရှိခဲ့တဲ့ ဂီရော့ဒ်

အာဆယ်နယ်အသင်းရဲ့ကစားသမား ဂီရော့ဒ်ဟာ ဇန်န၀ါရီအပြောင်းအရွေှ့ကာလ နောက်ဆုံး အချိန်မှာပဲ လန်ဒန်မြို့ခံပြိုင်ဘက် ချယ်ဆီးအသင်းကို (၁၈)လသက်တမ်းရှိတဲ့စာချုပ်နဲ့ ပြောင်း ရွှေ့ခဲ့ပါတယ်။

ဂီရော့ဒ်ဟာ အာဆင်နယ်အသင်းမှာ ကစားခဲ့တဲ့ (၅)နှစ်ခွဲသက်တမ်းတစ်လျှောက်မှာ အသင်း အတွက် ဂိုးတွေသွင်းယူပေးလေ့ရှိတဲ့ကစားသမားဖြစ်ပေမယ့်လည်း ယခုရာသီမှာတော့ ပုံမှန် ပွဲထွက်ကစားခွင့်ပျောက်ဆုံးခဲ့ရပါတယ်။

ယခုနှစ်ရာသီမှာ ဂီရော့ဒ်ဟာ ပရီးမီးယားလိဂ်ပွဲစဉ် (၁)ပွဲသာ ပါဝင်ကစားခွင့်ရရှိခဲ့ပြီး နောက်ဆုံးကစားထားတဲ့ ဆွမ်ဆီးအသင်းကို (၃)ဂိုး (၁)ဂိုးနဲ့ရှုံးနိမ့်တဲ့ပွဲစဉ်မှာလည်း အရန် ကစားသမားအနေနဲ့ နောက်ဆုံးပါဝင်ကစားခဲ့ပါတယ်။

ချယ်ဆီးအသင်းဟာ ရိုးမားအသင်းရဲ့တိုက်စစ်မှူး ဒီဇီကို ကိုလည်း ပစ်မှတ်ထားခဲ့ပေမယ့် ဈေးကွက်မပိတ်ခင်နောက်ဆုံးအချိန်မှာ မြို့ခံပြိုင်ဘက်အသင်းရဲ့ကစားသမား ဂီရော့ဒ် ကို ထုတ်ဖော်ကြေငြာခြင်းမရှိတဲ့ ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့ (၁၈)လ ခေါ်ယူ စာချုပ် ချုပ်ဆို ခဲ့တာလည်းဖြစ်ပါတယ်။

ဂီရော့ဒ်က ချယ်ဆီးအသင်းရဲ့ဝက်ဘ်ဆိုဒ်ကနေပြောကြားရာမှာ – “ ချယ်ဆီးအသင်းက ပရီး မီးယားလိဂ်မှာ အင်အားအကြီးမားဆုံးအသင်းပါ။ ပြီးခဲ့တဲ့ (၆)နှစ် ၊ (၇)နှစ်လောက်အတွင်း မှာ ဖလားတွေအများဆုံးသိမ်းပိုက်ထားတဲ့အသင်းလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီလိုမျိုး အသင်းကိုပြောင်းရွှေ့ခွင့်ရလို့ ဂုဏ်ယူပါတယ်။ ကျွန်တော်ကစားခွင့်ရဖို့ မျှော်လင့်ထားပါတယ်။ ” လို့ ဆိုပါတယ်။

ချယ်ဆီးအသင်းရဲ့ဒါရိုက်တာဖြစ်သူ မာရီနာဂရန်နိုစကာရီယာ ကပြောကြားရာမှာ – “ ဂီရော့ဒ် လို ထိပ်တန်းကစားသမားတစ်ယောက်ကိုခေါ်နိုင်လို့ အသင်းအနေနဲ့ ၀မ်းသာရပါတယ်။ သူ့ကစားသမားဘ၀တစ်လျှောက်မှာ ဂိုးတွေပုံမှန်သွင်းယူလေ့ရှိပြီးတော့ ပရီးမီးယားလိဂ် ပြိုင်ပွဲနဲ့ အသားကျနေပါပြီ။ သူ့ကို ခေါ်ယူနိုင်ခဲ့တာဟာ စိတ်လှုပ်ရှားစရာ အပြောင်းအရွှေ့ဆို တာကို ကျွန်တော်တို့ယုံပါတယ်။ ” လို့ ဆိုပါတယ်။

ဂီရော့ဒ်ဟာ အာဆင်နယ်အသင်းအတွက် (၂၅၃)ပွဲပါဝင်ကစားရာမှာ (၁၀၅)ဂိုး သွင်းယူပေး ခဲ့ပြီး ၂၀၁၇ ခုနှစ်ရဲ့ဖီဖာပွတ်ရှ်ကပ် ဆုကိုလည်း ရရှိခဲ့ပါတယ်။

Article source: http://www.foxsportsasia.com/fox-sports-myanmar/ဘောလုံး/789912/အပြောင်းအရွှေ့ဈေးကွက်ေ/

Loading...

Related posts

Rooney rescues a indicate during Anfield

Times of News

Nurmagomedov issues reparation around statement

Times of News

Perez ‘quite stunned’ by Hulkenberg move

Times of News