Sport

လီနိုကိုခေါ်ယူမယ်လို့ ထွက်ပေါ်ခဲ့တဲ့ ကောလဟာလများအတွက် တရားစွဲဆိုသွားမယ့် ဘိုင်ယန်မြူးနစ်

ဘိုင်ယန်မြူးနစ်အသင်းဟာ လာမယ့် ဆောင်းရာသီအပြောင်းအရွှေ့မှာ လေဗာကူဆင် ဂိုးသမား ဖြစ်သူ ဘန့်လီနိုကို ခေါ်ယူဖို့ ချိတ်ဆက်နေကြောင်း ဖော်ပြခဲ့တဲ့ သတင်းစာ များကို တရားစွဲဆိုသွားရန် ပြင်ဆင်နေပါတယ်။

လက်ရှိဘိုင်ယန်မြူးနစ်အသင်းမှာ အသင်းရဲ့ အဓိက ဂိုးသမား ၂ ဦးဖြစ်တဲ့ နူအာနဲ့ အူလ်ရစ်တို့ ဒဏ်ရာရရှိနေတာကြောင့် တွမ်စတပ် တစ်ဦးတည်းသာ အသင်းရဲ့ လူစာရင်းမှာ ရှိနေခဲ့တာ ဖြစ်ပါတယ်။

အသင်းရဲ့ အဓိကဂိုးသမားဖြစ်တဲ့ နူအာဟာ ပြီးခဲ့တဲ့ရာသီတည်းက ရရှိခဲ့တဲ့ ဒဏ်ရာ ကြောင့် ရာသီကုန်ပွဲစဉ်များနဲ့ တိုက်ကြီးများဖလား ပြိုင်ပွဲတို့ကို လွဲချော်ထားခဲ့ပြီး နူအာ ဒဏ်ရာရရှိခဲ့စဉ်တည်းက အူလ်ရစ်ကို အသုံးပြုနေခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် အူလ်ရစ်ဟာလည်း ပြီးခဲ့တဲ့ ဖရန့်ဖတ်အသင်းကို အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မတိုင် ခင်သွေးပူလေ့ကျင့်ခန်း ပြုလုပ်စဉ်မှာ ဒဏ်ရာရရှိခဲ့တာကြောင့် တွမ်စတပ်ကို ချက်ချင်း အစားထိုးခဲ့ရပါတယ်။

စတပ်အနေနဲ့ ပြီးခဲ့တဲ့ပွဲစဉ်တွေမှာ ပွဲထွက်ခွင့် ရရှိခဲ့တာကြောင့် ကစားသမား ဘ၀ ဘွန်ဒက်စ်လီဂါ ပွဲ ၁၀၀ ပြည့်မြောက်ခဲ့တာ ဖြစ်ပါတယ်။

ဂျာမနီနိုင်ငံရဲ့ နာမည်ကျော် သတင်းစာ တစ်စောင်ဖြစ်တဲ့ Bild သတင်းစာက ဂိုးသမား ပြဿနာနဲ့ ရင်ဆိုင်နေရတဲ့ ဘိုင်ယန်မြူးနစ် အသင်းအနေနဲ့ လာမယ့် ရာသီဝက် အပြောင်းအရွှေ့မှာ ခေါ်ယူမယ်ဆိုပြီးဖော်ပြခဲ့တဲ့ ကောလဟာလတွေကို ဘိုင်ယန်မြူးနစ်အသင်း ငြင်းဆိုထားခဲ့တာ ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ် အသင်းရဲ့ ဖော်ပြချက်အရတော့ “Bild သတင်းစာက လက်ရှိအချိန်မှာ ဖော်ပြနေတဲ့ လီနိုကိုခေါ်ယူမယ်ဆိုတဲ့ သတင်းတွေမမှန်ကန်ပါဘူး။”

“ဒီသတင်းဟာ အခြေအမြစ် မရှိတဲ့ သတင်းတွေဖြစ်ပါတယ်။ အသင်းအနေနဲ့ တရားစွဲဆိုသွားမှာပါ”လို့ဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် ဘိုင်ယန်မြူးနစ်အသင်းရဲ့ အားကစားဒါရိုက်တာ စာလီဟာမစ်ဇီ ကလည်း အသင်းရဲ့ ဂိုးသမားတွေဟာ အရမ်းအားရဖို့ကောင်းတဲ့ လက်စွမ်းပြသထား နိုင်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။

Article source: http://www.foxsportsasia.com/fox-sports-myanmar/%E1%80%B1%E1%80%98%E1%80%AC%E1%80%9C%E1%80%B6%E1%80%AF%E1%80%B8/756723/%E1%80%9C%E1%80%AE%E1%82%8F%E1%80%AD%E1%80%AF%E1%80%80%E1%80%AD%E1%80%AF%E1%80%B1%E1%80%81%E1%81%9A%E1%80%9A%E1%80%B0%E1%80%99%E1%80%9A%E1%80%B9%E1%80%9C%E1%80%AD%E1%80%AF%E1%82%94-%E1%80%91%E1%80%BC/

Loading...

Related posts

Time for Asia to win a Club World Cup

Times of News

Isaiah Thomas breaks 46-year-old Celtics record

Times of News

Bottas: Wait a few races before judging overtaking

Times of News