Sport

ဒဏ်ရာ ထပ်မံရရှိခဲ့တဲ့ ၀ီလ်ရှိုင်းယား

အာဆင်နယ်ကွင်းလယ်ကစားသမား ၀ီလ်ရှိုင်းယားဟာ ပြီးခဲ့တဲ့ ချဲလ်ဆီးအသင်းနဲ့ ပွဲစဉ်မှာ ခြေကျင်းဝတ်ဒဏ်ရာ ထပ်မံရရှိခဲ့ပြီး အသင်းရဲ့ ပွဲစဉ်တွေကို လွဲချော်ဖွယ် ရှိနေပါတယ်။

ဒဏ်ရာပြဿနာကြောင့် ရာသီအစပွဲစဉ်တွေကို လွဲချော်ခဲ့ရတဲ့ ၀ီလ်ရှိုင်းယားဟာ ဒဏ်ရာမှ ပြန်လည်သက်သာလာပြီး ခြေစွမ်းပြန်လည်ပြနိုင်ဖို့ ကြိုးစားနေခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ချဲလ်ဆီးအသင်းရဲ့ ဂိုးမရှိသရေကျခဲ့တဲ့ လိဂ်ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ၀ီလ်ရှိုင်းယား ဒဏ်ရာပြန်လည်ရရှိခဲ့ပြီး ပွဲအပြီးမှာ အာစင်ဝင်းဂါးက ခြေကျင်းဝတ် ဒဏ်ရာဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။

Thanks for all a messages and support after final night. Good news is i should be behind in a integrate of days 🙆‍♂️⚽️💪

A post common by Jack Wilshere (@jackwilshere) on Jan 11, 2018 during 9:19am PST

ဝီလ်ရှိုင်းယားရဲ့ ဒဏ်ရာကို ကြာသပတေးနေ့က စစ်ဆေးခဲ့ရာမှာ ပြင်းထန်ခြင်း မရှိပေမယ့် အသင်းဟောင်း ဘုန်းမောက်အသင်းနဲ့ ကစားမယ့် ပွဲစဉ်ကိုတော့ ၀ီလ်ရှိုင်းယား လွဲချော်ဖွယ်ရှိနေပါတယ်။

“ပြီးခဲ့တဲ့ ညက မက်ဆေ့ခ်ျတွေ ပေးပို့ခဲ့ပြီးအားပေးခဲ့တဲ့ သူတွေကို ကျေးဇူးတင် ပါတယ်။ သတင်းကောင်းကတော့ လာမယ့် ရက်အနည်းငယ်မှာ ကျွန်တော် ပြန်လည်ကစားနိုင်မှာပါ” ဆိုပြီး သူ့ရဲ့တွစ်တာ အကောင့်မှာ ဖော်ပြခဲ့ပါတယ်။

Article source: http://www.foxsportsasia.com/fox-sports-myanmar/ဘောလုံး/776094/ဒဏ်ရာ-ထပ်မံရရှိခဲ့တဲ့-၀ီ/

Related posts

ဂိုရဇ်ကာကို ခေါ်ယူဖို့ ပစ်မှတ်ထားနေကြောင်း ဘိုင်ယန်အတည်ပြု

Times of News

Preview: Chelsea v Swansea

Times of News

One off Test preview: India v Bangladesh

Times of News